တောင်ငူ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ အညာသားလေးမုန့်ဖတ်ခြောက်စက်ရုံ၌ ကျန်းမာရေးဦးစီးဌာနမှ စက်တင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းက လူထုကျန်းမာရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမီမီခင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ HIV ၊ ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါနှင့် အနာကြီးရောဂါအကြောင်းများဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)