ပြည် စက်တင်ဘာ ၉
ပြည်တွင်းအခွန်များဦးစီးဌာနမှဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းများကို ပြည်မြို့နယ်အတွင်း အခွန်ထမ်းပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲပြု လုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းနှင့် အခွန်ထမ်းပြည်သူများတက်ရောက်ကြသည်။
အဆိုပါပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စောဥမ္မာက "ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံဆောင်ရွက်နေသော အခွန်များအကြောင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာသိကောင်းစရာများအပါအဝင် အခွန်ထမ်းပြည်သူများ သိသင့်သိထိုက်သည့်အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသောအခွန်ထမ်းပြည်သူများက သိလိုသည်များမေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူကသက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)