ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ညောင်လေးပင် စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာ မြင့်သန်း (ညောင်လေးပင်) က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့်(လှမြင့်ဦး-ညောင်လေးပင်)နှင့် စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဌေးနိုင် (ဌေးနိုင်-ဗန်ဒါ- ညောင်လေးပင်) တို့မှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာရေးဆရာအသင်းအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)