ပေါင်းတည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးစပါးအောင်မြင်ဖြစ်ထွန်းနိုင်ရေးစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့နံနက်ပိုင်းတွင် တောင်သူများအား စိုက်ပျိုးရေးစရိတ်များဆက်လက် ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။