ပေါင်းတည် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့နံနက်ပိုင်းတွင် တောင်သူများအား စိုက်ပျိုးရေးစရိတ်များဆက်လက် ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။
ယနေ့တွင် ညောင်ဖြူ၊ကြို့ကုန်း၊ မကျီးကုန်းနှင့် ရွာပုလဲကျေးရွာအုပ်စု ၄ အုပ်စုအတွင်းရှိ တောင်သူ ၁၃၅ ဦး၏ မိုးစပါး ၇၂၁ ဧက အောင်မြင်စွာစိုက်ပျိုးထုတ် လုပ်နိုင်ရေးအတွက် စုစုပေါင်းငွေကျပ် တစ်ရာ့ရှစ်သန်းတစ်သိန်းငါးသောင်းကို စည်းကမ်းချက်များနှင့်သက်ဆိုင်ရာတောင်သူများ၏လက်ဝယ်အရောက် ဆက် လက်ထုတ်ချေးကာ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)