ရွှေကျင် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက စာကြည့်တိုက္များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှု့ကာ စာပေအသိပညာ ဗဟုသုတများ မြှင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရွှေကျင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မဒီဇော်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ(Woman Club)အဖွဲ့များက ပြသထားသည့် အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတ ရသစာအုပ်စာစောင်များနှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)