အုတ်ဖိုမြို့၌ Google Spreadsheet အသုံးပြု၍ Data ထည့်သွင်းနည်းသင်တန်း ကျင်းပ

အုတ်ဖို စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးအစည်းဝေးခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ဦးဆောင်မှုဖြင့် စက်တင်ဘာလ ၈ ရက်နေ့က Google Spreadsheet အသုံးပြု၍ Data ထည့်သွင်းနည်းသင်တန်းကို ကျင်းပခဲ့သည်။

အဆိုပါသင်တန်းကို ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုအားကောင်းလာစေရေးအတွက် ကျန်းမာရေးဆိုင်ရာအချက်အလက်များ၊ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုမှုဆိုင်ရာအချက်အလက်များကို အချိန်နှင့်တပြေးညီရရှိစေပြီး လိုအပ်သောကာကွယ်ကုသလုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရေး ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်းတန်းပြီးမြောက်ပါက စောစီးစွာသတင်းရယူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ် (EWARS)၊ ကာကွယ်ဆေးထိုးလုပ်ငန်းသုံးရေခဲသေတ္တာများ၏ အပူချိန်စောင့်ကြပ်ကြည့်ရှုမှုမှတ်တမ်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုစာရင်းနှင့် အန္တရာယ်ရှိနိုင်သောကိုယ်ဝန်ဆောင်များ၏မှတ်တမ်း၊ ဆေးရသုံးကျန်စာရင်းများ စီမံခန့်ခွဲမှုမှတ်တမ်းတို့ကိုစတင်အသုံးပြုသွား မည် ဖြစ်ကြောင်းသိရသည်။

အောင်သူ (အုတ်ဖို)