ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်းအခမ်းအနား ကျင်းပ

ဒိုက်ဦး စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ စစ်ဘိုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိနိုင်အေးက တိုင်းရင်းသားအခွင့်အရေးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒိုက်ဦးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်မာသင်းက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးလက်နေပြည်သူများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သောအချက်အလက်များကိုတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် ဒိုက်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးတို့မှ လိုအပ်ချက်များကို ပြန်လည်တင်ပြ‌ ဆောင်ရွက်‌‌ပေးသွားမည်ဖြစ်‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။

ထို့နောက် ဆွေး‌နွေးဟောပြောပေးသော ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား အမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)