ရေတာရှည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာများသို့ ငှက်ဖျားရောဂါအသိပညာပေးခြင်းနှင့် ဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

ရေတာရှည် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ငှက်ဖျားရောဂါကူးစက်မှုပပျောက်ရေး ကပ်ရောဂါအသွင်မဖြစ်ပွားစေရေး၊ ငှက်ဖျားပိုးသယ်ဆောင်သော ခြင်ကိုက်ရာမှတစ်ဆင့် လူလူချင်းကူးစက်မှုမရှိစေရေးတို့အတွက် ယမန်နေ့မွန်းလွဲပိုင်းတွင် လှည်းပွဲလေးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနနှင့် လှည်းပွဲလေးကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် (၆)မိုင်ကျေးရွာစုရပ်တွင် ဒေသခံပြည်သူများနှင့် လုပ်ငန်းခွင်ဝင်ပြည်သူများအား ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ စသည့်ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ သွေးဖောက်စစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ တာရှည်ခံဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါသွေးဖောက်စစ်ဆေးပေးရာတွင် ဦးနှောက်ငှက်ဖျားရောဂါဖြစ်စေတတ်သော ငှက်ဖျားပိုးအမျိုးအစား Plasmodium Falciparum (Pf) ပိုးတွေ့လူနာ(၁)ဦးကို ငှက်ဖျားဆေးများဖြင့် ချက်ချင်းကုသပေးခဲ့ပြီး ပြည်သူလူထု (၁၅၀)ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)