လက်ပံတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိ ပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲများကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက အမက(ကျွဲနစ်)နှင့် အ.လ.က (ကျွန်းကလေး)ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းက "ဗလငါးတန်ဖွံဖြိုးဖို့ စာဖတ်ခြင်းဖြင့်မြှင့်တင်စို့" ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဒုတိယဦးစီးမှူးဒေါ်ကြည်မြတ်နွယ်က ကလေးအလုပ်သမားပပျောက်ရေးအကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်း ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်ပုံပြင်များပြောကြားခြင်း၊ စာအုပ်စာစောင်များဖတ်ရှုစေခြင်းများ ဆောင် ရွက်ခဲ့ပြီး သဘာဝဘေးကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ ကလေးစာဖတ်ခန်းဝန်ဆောင်မှုတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)