နတ်တလင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နတ်တလင်း စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက် နေ့လယ်  ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ထိရောက်စွာကြီးကြပ်ကွပ်ကဲနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအား အုပ်ချုပ်မှုနယ်နိမိတ်များတာဝန်ခွဲဝေသတ်မှတ်ပေးမည့် ကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပမည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အုပ်ချုပ်မှုနယ်နိမိတ်များ တာဝန်ခွဲဝေသတ်မှတ်ပေးမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)