ဒိုက်ဦး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့ စက်ကွင်းရပ်ကွက်မြို့ဝင်လမ်း Special Complete Education (SCE) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်စိတ်(၃)မှ ရဲအုပ် အောင်လှိုင်ထွန်းဦးစီးသော အဖွဲ့က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးကျင်းပဆောင်ရွက်ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးအခမ်းအနားတွင် လူကုန်ကူးမှုးတားဆီးနှိမ်နင်းရေး တပ်စိတ်(၃)မှ ရဲအုပ် အောင်လှိုင်ထွန်းက လူကုန်ကူးခံရခြင်းအကြောင်းအရင်း၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ ဥပဒေများ၊ ပြစ်ဒဏ်များအကြောင်း အကျယ်တဝင့်ရှင်းလင်းပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် SCE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းက နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသား/သူ(၁၈၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)