ပေါင်းတည်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ပေါင်းတည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)တွင် လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ‌မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါလူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးပညာရေးမှူး ဒေါ်ခင်သင်းရီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်နိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ခံ ဦးနိုင်ဝင်းသိန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်အေးဆုစံတို့က သက်ဆိုင်ရာ အသိပညာများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောဆွေးနွေး ဟောပြော ခဲ့ကြကြောင်းသိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသပေးသော မူးယစ်ဆေးဝါး အန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေသား