မင်းလှမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းလှ  အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကွင်းမြို့၊မြို့မရပ် ကွက်အုပ်ချုပ်ရေးမှူး၌ ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိဒေါ်ဇင်နွယ်ခိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာအသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းအား အသိပညာပေးရှင်းလင်းပြသခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများလက်တွေ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပေါက်စ(မင်းလှ)