လက်ပံတန်း၌ မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့သရုပ်ပြ မဲပေးခြင်း အသိပညာပေးဆောင်ရွက်

လက်ပံတန်း အောက်တိုဘာ ၁၄      

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့ သရုပ်ပြမဲပေးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျွန်းကလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအေးကိုနှင့်အဖွဲ့ဝင်များဖြစ်သည့် ဒေါ်စန်းစန်းသော်၊ ဒေါ်ခင်တုတ်တို့က တက်ရောက်လာသောပြည်သူများအား မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို အသေးစိတ်ရှင်းလင်းပြသခဲ့ပြီး ကျွန်းကလေးကျေးရွာအုပ်စုမှ မဲဆန္ဒရှင်ပြည်သူ ၅၀ ဦးက လက်တွေ့ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်တွေ့သရုပ်ပြခြင်းကို လက်ပံတန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၃ အုပ်စုသို့ အောက်တိုဘာ ၂၂ ရက်နေ့ထိ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)