သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ

သဲကုန်း အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာပေစွမ်းရည် မြှင့်မားရေးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်ရှိစေရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က  အခြေခံပညာ အထက်တန်းကျောင်း(သဲကုန်း)တွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် သဲကုန်း​မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းများမှ Grarde-5၊ Grade-6၊ Grade-7၊ Grade-8 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများက အတန်းအလိုက် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ဘာသာရပ်အလိုက်ဝင်ရောက် ဖြေဆိုယှဥ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါစွမ်းရည်​ပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ/ ဆရာမကြီးများနှင့် ဆရာ/ ဆရာမများ၏ကြီးကြပ်မှုဖြင့် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများမှ မူလတန်းအဆင့် (၉၅)ဦး၊ အလယ်တန်းအဆင့် (၁၆၉)ဦး စုစုပေါင်းကျောင်းသား/ ကျောင်းသူ(၂၆၄) ဦးဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်တွင်ထူးချွန်စွာဖြေဆိုအောင်ခဲ့ကြသူများအား တိုင်းဒေသကြီးအဆင့်တွင် ဆက်လက်၍ ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း ​မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကိုကျော်(ပြန်/ဆက်)