တောင်ငူမြို့၌ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့ပျိုးပင် ရောင်းချသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကို ရှင်းလင်းအသိပညာပေးသင်တန်း ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောင်ငူခရိုင်အတွင်းရှိ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့ပျိုးပင်ရောင်းချသည့် လုပ်ငန်းရှင်များ လိုက်နာရမည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များရှင်းလင်းခြင်း အသိပညာပေးသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲက ကျင်းပခဲ့သည်။