ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်တွင် ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာ ကျွေးမွေးသူများဖြင့် စည်ကား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ယနေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။

ဝါဆိုလပြည့်၌ သဲကုန်းမြို့နယ်တွင် ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးသူများဖြင့် စည်ကား

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဓမ္မစကြာအခါတော်နေ့ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာ ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။

ဒိုက်ဦးမြို့နယ်၌ခေတ်မီစံပြကျေးရွာ(smart village)ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်း ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊နတ်ကင်းကျေးရွာအုပ်စု၊ ပလစ်ကျေးရွာ ၌ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်း လင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်ကကျင်းပ ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  တောင်ငူခရိုင် အထူးဒေသ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက် စေရေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၈ ရက်နေ့က တောင်ငူခရိုင် အထူးဒေသ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။        

ချောက်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ် ငန်းစွမ်းဆောင်ရည်မြင့်မား ရေးသင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ကြီးကြပ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်‌နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပဲခူးမြို့၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက်က ပဲခူးမြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပြည်မြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့၊ ရွှေကူရပ်ကွက် မြို့နယ် အားကစားကွင်း၌ကျင်းပပြုလုပ်သည်။

ညောင်လေးပင်မြို့၌ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျောက်တံခါးမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့်  TBL-9 မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ သမဝါယမအသင်းသား တောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဏာနှစ်အတွင်း ဆောင်ရွက်မည့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက် (Quick Impact Project – QIP) စီမံကိန်းအရ TBL-9 မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် သမဝါယမအသင်းစု ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ကျောက်တံခါးမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များအား ရည်ညွှန်းဈေးနှုန်းနှင့်အညီ  ရောင်ချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ခွဲတမ်းရ စားအုန်းဆီ လက်လီ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များအား ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး