ချောက်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ် ငန်းစွမ်းဆောင်ရည်မြင့်မား ရေးသင်တန်းဆင်းပွဲကျင်းပ

ချောက် ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ကြီးကြပ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်‌နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဌဦးမိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင် က သင်တန်းမှရရှိသည့်အကျိုး‌ကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌဦးမိုးဇော်နိုင်၊‌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအ ဖွဲ့ဥက္ကဌဦးစိုးလွင်တို့က သင်တန်းဆင်းလက်မှတ်များကို‌ ပေးအပ်ရာသင်တန်းတက်‌ ရောက်ခဲ့သော ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ မှ အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူခဲ့ကြသည်။ အဆိုပါသင်တန်းကိုသက်ဆိုင်ရာမြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်သင်ကြားပို့ချသွားခဲ့ပြီး‌ သင်တန်းကာလမှာ ဇူလိုင်လ ၁ရက် မှ ဇူလိုင်လ ၂၈ရက်နေ့ထိ ရက် သတ္တပတ်(၄)ပတ်ကြာသင်တန်းပို့ချသွားခဲ့ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)