ကျောက်တံခါး ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ခွဲတမ်းရ စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များအား ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ စား အုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် သတ်မှတ်ရည် ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျထုတ်ပေးခြင်း ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိနှင့် ရရှိသောဆီပိဿာချိန်များကို ဌာနမှချမှတ်ထားသော မှန်ခြောက်မှန်နှင့်အညီ ပြည်သူများအား အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)