ဒိုက်ဦးမြို့နယ်၌ခေတ်မီစံပြကျေးရွာ(smart village)ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်း ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းနားကျင်းပ

ဒိုက်ဦး  ဇူလိုင်    ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊နတ်ကင်းကျေးရွာအုပ်စု၊ ပလစ်ကျေးရွာ ၌ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်း လင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်ကကျင်းပ ခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းမှ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းတာဝန်ခံ ဒေါ်အိမွန်ခိုင်မှ ကော်မတီဖွဲ့စည်းပေးခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးဝေယံကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းတို့မှ ကျေးလက်လမ်းကိစ္စ၊ ကျေးလက် မီးလင်းရေးကိစ္စ၊ စိုက်ပျိုးရေး အတွက် ဆည်ရေရရှိရေးကိစ္စနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ အကြောင်းတို့ကို ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ဒေသခံကျေးလက်ပြည်သူ များက ဆွေးနွေးချက်များအပေါ် ကဏ္ဍအလိုက်  သိရှိလိုသည်များနှင့် ဒေသတွင်း လိုအပ်ချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးဝေယံကျော်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေး အခမ်းအနားသို့ ဒိုက်ဦးမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နတ်ကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများနှင့် ကျေးရွာပြည်သူများ စုစုပေါင်းအင်အား( ၈၀)ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)