အိမ်မဲမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်အား ကျောင်းသား/သူ (၁၁၂၇) ဦး ဝင်ရောက်ဖြေဆို
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁၀ ခုဖြစ်သော အထက-၁ တွင် ၂၁၅ ဦး အထက-၂ တွင် ၂၀၀ ဦး အထကရွာသစ်တွင် ၁၇၆ ဦး၊ အထက -ကြို့ကုန်းတွင် ၁၇၃ ဦး အထက-တကူဆိပ်တွင် ၉၈ ဦး အထက-ဝါးတလုတ်ကမ်းနီတွင် ၅၉ ဦး အထက- လူကောင်းကျွန်းတွင် ၄၁ ဦး အထက-ကျုံတလုတ်တွင် ၃၇ ဦး အထက-ဘုရားကြီးကုန်းတွင် ၇၃ ဦး၊ အထက-ကြခတ်ကွေ့တွင် ၅၅ ဦးစသည့် စာစစ်ဌာန၁၀ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၁၂၇ ဦးတို့သည် မတ်လ ၁၁ ရက်နေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။