ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကြံခင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေလယ်ပိုင်းက ကြံခင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုနှင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦးကွန်ကရစ်တံတား (ပေ ၁၀၀×ပေ ၂၀) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ကြသည်။