ရေကြည် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်နေဝင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ယနေ့နံနက်(၈)နာရီက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့်အဖွဲ့ဝင်များသည် မျက်မှန်လိုအပ်သည့်လူနာများအား မျက်မှန်တပ်ဆင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသီဟက မျက်စိအတွင်း တိမ်ခွဲစိတ်ခြင်း အောင်မြင်မှုအခြေအနေများအားရှင်းလင်းပြောကြားကာ အောက်တိုဘာ ၁၇ ရက်မှ ၂၆ရက်အထိ ဆောင်ရွက်ခဲ့သော မျက်စိစမ်းသပ်ခွဲစိတ်ကုသခဲ့မှုမှတ်တမ်းဗီဒီယိုဖိုင်အားပြသသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များမှ မျက်မှန်လိုအပ်သူ ၅၀အား မျက်မှန်များပေးအပ်ခြင်း၊ မျက်စိအတွင်းတိမ်ခွဲစိတ်ပြီးစီး၍ ပြန်လည်ပြသသောလူနာ၁၅၅ဦးအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)