ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ရေကြည်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှုများ စစ်ဆေးကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့်ဌာနဆိုင်ရာ အကြီးအကဲများသည် ဇူလိုင်လ (၁၇) ရက်နေ့ နံနက် (၉) နာရီအတွင် ရေကြည်မြို့နယ်၊ ငဝန်မြစ်ကမ်းတစ်လျှောက် မြစ်ရေမြင့်တက်လာမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကွင်းလျားကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)ကွင်းလျားကျောင်းတွင် ဆရာ၊ ဆရာမများ ကျောင်းသူ/သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နေထိုင်ရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကျန်းမာရေးဂရုပြုနေထိုင်ရန်နှင့် ဆရာ၊ ဆရာမများမှ ကျောင်းလိုအပ်ချက်များ တင်ပြလာမှုအပေါ် ဆောင်ရွက်ပေးမည့်အရာများနှင့် လိုအပ်သည်များအား မှာကြားခဲ့ပြီး သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။