ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ် (၂၃)လုံးတို့အား ဘေးလွတ်ရာသို့ပြောင်းရွေ့

ပန်းတနော် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ယမန်နေ့မွန်းလွဲ ၄ နာရီက ဘဝိုင်းကျေးရွာအုပ်စု၊ လက်ပန်တန်းကျေးရွာတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ရေနစ်မြုပ်သည့် နေအိမ်(၂၃)လုံးတို့အား တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ​ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ်သည့် လက်ပန်တန်းကျေးရွာရှိ နေအိမ်(၂၃)လုံး၊ အိမ်ထောင်စု (၂၃)စု၊ ကျား(၄၅)ဦး၊ မ (၁၀၁)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက ဘေးလွတ်ရာအောင်ဓမ္မာရုံနှင့် မအူချောင်းကျေးရွာရှိ ရတနာသိင်္ဂီဓမ္မာရုံသို့ ပြောင်းရွေ့ပေးခဲ့ပြီး ဆန်၊ ဆီနှင့် လူသုံးကုန်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)