ဧရာဝတီတိုင်းဒေသကြီး

ရွှေသောင်ယံမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ မဲစာရင်းမကျန်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ်ကြေညာထားသော မဲစာရင်း၌ ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မကျန်ရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစစ်ဆေးကာ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လ​က်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအဆင့် National ICT Awards-2025 (Educational Project & Skills Competition) ပြိုင်ပွဲအခမ်းအနားတက်ရောက်

တိုင်းဒေသကြီးအဆင့် National ICT Awards-2025 (Educational Project & Skills Competition) ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဟင်္သာတတက္ကသိုလ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်း လက်တွေ့သရုပ်ပြလေ့ကျင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှု ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများမှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာ ဌာနအလိုက်အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်ဝင်တစ်အိမ် ထွက် (Doot to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင် စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံခြားစိစစ်ရေးကတ်ပြားများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေသောင်ယံမြို့ဦးမှူး ဦးကျော်ဝင်းခိုင်နှင့်ဝန်ထမ်းများမှ မှတ်ပုံတင်မရှိသူပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက်ပိုင်းက One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် အ-ထ-က (ခွဲ) သရက်ပင်ကွင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သရက်ပင်ကွင်းကျေးရွာ၊ အ-ထ-က(ခွဲ) သရက်ပင်ကွင်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် အ-ထ-က(ခွဲ) သပြေကွင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သပြေကွင်းကျေးရွာ၊ အ-ထ-က(ခွဲ) သပြေကွင်း ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့၌ ဒုတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်    

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၌ မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် ဒုတိယအကြိမ်ကပ်ထား ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၏ ကြီးကြပ်မှုဖြင့်တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ငပုတောမြို့နယ်အတွင်း (Door to Door) မြေပြင်စာရင်းတိုက်ဆိုင်ကွင်းစစ်‌ဆေးမှုများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်အတွင်းရှိ ကတ္တရာဝကျေးရွာအုပ်စုနှင့် အုပ်ရှစ်ကွင်းကျေးရွာအုပ်စုတို့တွင် ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ကျုံပျော်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ တာဝန်ရှိသူများက ဒုတိယအကြိမ်မဲစာရင်းကို အခြေခံ၍ ကွင်းဆင်းစစ်ဆေးကာ တိုင်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး