အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)၌ ပဉ္စမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲကျင်းပ

ဟင်္သာတ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တာငါးဆယ်တောင်ရပ်ကွက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဟင်္သာတ)၌ ပဉ္စမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘွဲ့နှင်းသဘင်ကော်မတီများ နေရာယူပြီးနောက် အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)မှကျောင်းအုပ်ကြီး ဦးမင်းမင်းဦးနှင့် ဘွဲ့နှင်းကော်မတီဝင်များ ဦးဆောင်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများမှ နိုင်ငံတော် အလံအား အလေးပြုခြင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများမှ သက်ဆိုင်ရာ ပညာသင်နှစ် ဘာသာရပ်များအလိုက် အောင်လက်မှတ်ရယူမည့် ကျောင်းသား/သူ မောင်မယ် ၄၉ ဦးတို့အား အောင်လက်မှတ်များပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးက အောင်လက်မှတ်ပေးအပ်ရခြင်း ရည်ရွယ်ချက်များနှင့် ဘွဲ့မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ) ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးနှင့် ဌာနမှူးများ၊ ဆရာ/မကြီးများ ၂၀၂၂-၂၀၂၃၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ အောင်လက်မှတ်ရယူမည့် ကျောင်းသား/သူ ၄၉ ဦးနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)