မြောင်းမြ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ ပြင်ဆင်ထုတ်ပေးသည့်လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပေးအပ်ပွဲကို ဇူလိုင်လ ( ၁၁ ) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်က မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြောင်းမြခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုတို့က တောင်သူ (၂၃) ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) တို့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
မို့မို့(ပြန်/ဆက်)