ဘိုကလေးမြို့နယ်တွင် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းကျင်းပ

ဘိုကလေး ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဒေါ်တင်မြဓမ္မာရုံတွင် ဇူလိုင် ၁၁ ရက်က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပသည်။

ပြည်သူ့စကားဝိုင်းကျင်းပရာသို့ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ ဘုရားချောင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာအုပ်စု၊ မြသိန်းတန်ကျေးရွာ အုပ်စုတို့မှ ဒေသခံပြည်သူများတက်ရောက်ကြသည်။

စကားဝိုင်းမကျင်းပမီ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက  အမှာစကားပြောကြားပြီး  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ က စကားဝိုင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးကြပြီး ဒေသခံပြည်သူများကလည်း လမ်း၊တံတားဆိုင်ရာ လိုအပ်ချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးတင်ပြကြကြောင်းနှင့်  ပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများကလည်း ပြန်လည် ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)