ငါးသိုင်းချောင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(အစိုးရစစ်) နှစ်ဆုံးစာမေးပွဲ ကျောင်းသား/ ကျောင်းသူများဖြေဆို
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (အစိုးရစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများက မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။