ညောင်တုန်း ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှ စတင်၍ အေးချမ်းစွာ စတင်ဖြေဆိုလျှက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် Grade-5စာစစ်ဌာန (၅၅) ခုတို့တွင် ကျောင်းသား/ကျောင်းသူ (၃၉၂၁)ဦးနှင့် Grade-9စာစစ်ဌာန(၁၁)ခုတို့တွင် ကျောင်းသား/ကျောင်းသူ (၇၆၉)ဦး အေးချမ်းစွာဖြေဆိုလျက်ရှိပြီး မြို့နယ် စီမံခန့်ခွဲနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)