မအူပင် ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း ဆွေးနွေးပွဲအား ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်း နာယက ဆရာကြီးဦးတင်ဝင်း (တင်ဝင်းပညာရေး)မှ အသင်း၏ဖွဲ့စည်းမှုများ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအား အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌ ဆရာဦးခင်ဇော်ဝင်း (ခက်ဇော်ကဗျာ)မှ အသင်းဖွဲ့စည်းခဲ့သည့် အစည်းအဝေးဆုံး ဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အသင်းဝင်များတိုးပွားရေး၊ ရံပုံငွေရှာဖွေရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများမှ ဆွေးနွေးချက်များအပေါ် ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာအသင်း နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်စုစုပေါင်း (၁၂) ဦးတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြရာ ဌာနဝန်ထမ်းများမှ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)