ဖျာပုံမြို့နယ်တွင် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံ ထုတ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ မဲရုံများတွင် အသုံးပြုမည့် မဲပေးစက်များနှင့်ဆက်စပ်ပစ္စည်းများအား ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ယနေ့နံနက်(၈) နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲများထံ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။