မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ ပါဠိပထမပြန် စာမေးပွဲအောင်လက်မှတ်နှင့်စာအောင် ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက  ရွှေမု‌ဋ္ဌေဘုရားဝန်း အတွင်းရှိ နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပသည်။

ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့သိုင်း သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယနေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

နွားထိုးကြီးမြို့၌ မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့ နံနက် ၈ နာရီခွဲ ဖွင့်လှစ်သည်။

ညောင်ဦးမြို့နယ်၌ စုံရက်၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် ကန့်သတ်မောင်းနှင်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီချွေတာနိုင်ရန် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ‘’စုံ”ရက်တွင် ‘’စုံ”နံပါတ်ပါသော အက္ခရာယာဉ်များ၊ "မ"ရက်တွင် "မ" နံပတ်ပါသော အက္ခရာယာဉ်များခွဲခြားပြီး မော်တော်ယာဉ် ကန့်သတ်မောင်းနှင်သည့်စနစ်အား အသိပေးထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ညောင်ဦးမြို့တွင် သွားလာအသုံးပြုလျက်ရှိသည့် မော်တော်ယာဉ်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲကစတင်၍ ပူးပေါင်းအဖွဲ့ဖြင့်ကွင်း ဆင်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်နှင့်ရူပဗေဒ ဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအားမတ်လ ၁၆ ရက်၊နံနက် ၉ နာရီကစတင်၍ သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိသည်။

ညောင်ဦးမြို့ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ်နှင့်ဒုတိယနှစ်သင်တန်း (ပထမနှစ်ဝက်) အရည်အချင်းစစ်စာမေးပွဲဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ် (ပုဂံ)တွင် ၂၀၂၅-၂၀၂၆ ပသာသင်နှစ်၊ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း အရည်အချင်းစစ် စာမေးပွဲအား မတ် ၁၆ ရက် နံနက် ၉ နာရီကစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ၊ သမိုင်းဘာသာရပ်များ ကျောင်းသား၊ ကျောင်းသူ ၁,၃၀၈ ဦး ဆက်လက်ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ‌မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ မြစ်သားမြို့နယ်တွင်လည်း မတ်လ ၁၆ ရက်နေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ၊ သမိုင်းဘာသာရပ်များကို စာစစ်ဌာနလေးခုတွင် ကျောင်းသား၊ ကျောင်းသူ ၁,၃၀၈ ဦးတို့ ဆက်လက်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ကျောင်းသား၊ ကျောင်းသူ ၂၈၃၇ ဦး ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်း သတ်မှတ်စာစစ်ဌာနနေရာများ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုကြသည်။

ကျောက်ဆည်မြို့နယ် အေးရွာကျေးရွာ၌ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်၊ စပါးအပြင် ကာလတိုသီးနှံများနှင့် ဈေးကွက်ဝင် ဟင်းသီး၊ ဟင်းရွက်ပင်များ၊ နနွင်း၊ နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း၊ ငရုပ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သံရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ ကီလိုမာလကာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့်သမိုင်းဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူ ၉၀ ဒသမ ၅၈ ဖြေဆို

မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို အမရပူရမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၀ ဒသမ ၅၈ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး