အမရပူရမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့်သမိုင်းဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူ ၉၀ ဒသမ ၅၈ ဖြေဆို

အမရပူရ မတ် ၁

မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို အမရပူရမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉ ဒသမ ၅၈ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့သည်။

အဆိုပါစာစစ်ဌာန၊ နှစ်ခုတွင် အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ဖြေဆိုရန်စာရင်းပေးထားသူကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၁၃ ဦးရှိရာ ယနေ့ ရူပဗေဒဘာသာရပ်တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း ၇၆၈ ဦးနှင့် သမိုင်းဘာသာရပ်တွင်လာရောက်ဖြေဆိုသူ ၅၉ ဦးရှိပြီး ယနေ့ချိန်ထိ ပျက်ကွက်ကျောင်းသား ၈၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

စိုးသီဟ(အမရ)