မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်၌ ဟိုတယ်/မိုတယ်/တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မတ် ၁၆ ရက် နေ့လယ် ၁၀ နာရီက A Little Bit of Bagan တည်းခိုခန်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူ ၉၅ ဒဿမ ၄၀ ရာခိုင်နှုန်း ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ‌မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ကျင်းပလျက်ရှိရာ မြစ်သားမြို့နယ်တွင်လည်း မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်များကို စာစစ်ဌာနလေးခုတွင် ကျောင်းသား၊ ကျောင်းသူ ၉၅ ဒဿမ ၄၀ ရာခိုင်နှုန်း အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာဖြေဆို

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်အား အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊သူ စုစုပေါင်း  ၁၆၅၆ ဦး လာရောက်ဖြေဆိုကြောင်းသိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီဝ​ဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးနေရာ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုသည်။

ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအား အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ယနေ့နံနက်ပိုင်းက ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်များကို ကျောင်းသား/ သူများအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီး

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ မတ် ၁၁ ရက်မှစတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနသုံးခု၌ မတ် ၁၇ ရက် နံနက်ပိုင်းက  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဆဌမ‌နေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူ  အေးချမ်းစွာ  ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင်အခြေခံရရှိစေရန် ရည်ရွယ်၍ မတ် ၁၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပသည်။

တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ် ဖြေဆို

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစ၍ စာစစ် ဌာန ၄ ခုဖြင့်စီစဉ် ကျင်းပကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပ၊သမိုင်းဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ ၂၀၃၄ ဦး အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန ၅ ခု၌ ရူပဘာသာရပ်နှင့် သမိုင်းဘာသာရပ်များတွင် ကျောင်းသား/ကျောင်းသူ ၂၀၃၄ ဦး အေးချမ်းစွာ ဖြေဆိုကြောင်း သိရှိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး