နွားထိုးကြီးမြို့ မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့ နံနက် ၈ နာရီခွဲ ဖွင့်လှစ်သည်။
အခမ်းအနားတွင် အမှတ်(၉၉)၊ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး နေမျိုးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မျိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မိုးဇော်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဦးစိုးလင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာ့စီးပွားရေးဘဏ်ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာများနှင့် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
တင့်လွင့်ဦး