ညောင်ဦးမြို့နယ်၌ ဟိုတယ်/မိုတယ်/တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်

ညောင်ဦး မတ် ၁၇

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မတ် ၁၆ ရက် နေ့လယ် ၁၀ နာရီက A Little Bit of Bagan တည်းခိုခန်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ ညောင်ဦးမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ A Little Bit of Bagan တည်းခိုခန်းရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ် ရေး အသိပညာပေးခြင်း၊ 191 Report Application အကြောင်း အသိပညာပေးခြင်းနှင့်မိမိတို့ဖုန်းတိုင်းတွင် ထည့်သွင်းအသုံးပြုစေရေး အသိပညာပေးခြင်း၊  ဟိုတယ်တွင် အသင့်စီမံဖြည့်တင်းထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အသေတပ်ဆင်ထားရှိသော မီးခိုး ထောက်လှမ်းမှုကိရိယာများ၊ Fire Alarm Bell များ၊ manual call point စနစ်များ၊ Hydrant နှင့် Hoose Reel စနစ်များ၊ ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ ပတ်ဝန်းကျင် မီးဘေးစိုးရိမ်ရမှု အခြေအနေများ၊ မီးသတ်ယာဉ် ဝင်/ထွက်လမ်းများ အစရှိသည်တို့အား ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးကျော်မင်းသူဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးနှင့် ခရိုင်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးကျော်နိူင်လင်းပါ မီးသတ်တပ်ဖွဲ့ဝင် ၄ တို့မှ လှည့်လည် စစ်ဆေးခဲ့ကြပြီး မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်လက်မှတ် Fire Safety Certificate (FSC) သက်တမ်းတိုးလက်မှတ်အား သတ်မှတ်ချက်များနှင့်အညီ ပြန်လည်လျှောက်ထားရယူသွားရေးတို့အား ဖြည့်စွက်အကြံပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း