မြစ်သားမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူ ၉၅ ဒဿမ ၄၀ ရာခိုင်နှုန်း ဆက်လက်ဖြေဆို

မြစ်သား မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ‌မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ကျင်းပလျက်ရှိရာ မြစ်သားမြို့နယ်တွင်လည်း မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်များကို စာစစ်ဌာနလေးခုတွင် ကျောင်းသား၊ ကျောင်းသူ ၉၅ ဒဿမ ၄၀ ရာခိုင်နှုန်း အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို  အထက (မြစ်သား) စာစစ် ဌာန၊ အထက (ကူမဲ) စာစစ်ဌာန၊ အထက(ရွာခိုင်ကြီး) စာစစ်ဌာနနှင့် အထက (စက်၊ စိုက်၊ မွေး)စာစစ်ဌာန လေးခုဖြင့်ဖွင့်လှစ်ခဲ့ရာ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒ ဘာသာရပ်များ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၅၆၂ ဦး၊ ကျောင်းသူ ၈၀၉ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  ၁၃၇၁ ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား  ၅၁၄ ဦး၊ ကျောင်းသူ ၇၉၄  ဦး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၃၀၈ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ထို့‌နောက် ပျက်ကွက် ကျောင်းသား ၄၈ ဦး ၊ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်း သူ  ၆၃ ဦး ပျက်ကွက်ခဲ့ကြောင်းနှင့်ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၅ ဒဿမ ၄၀ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်မှုမှာ ၄ ဒဿမ ၆၀ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရ သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ‌ ဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ များစိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန် ကျောင်းဝန်းအတွင်းနှင့် အပြင်များ၌ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာ‌ရေးမှူး‌ ဒေါ်သင်းသီရိ၊ ကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမ များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မ‌တော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)