ဝမ်းတွင်း မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ယနေ့နံနက်ပိုင်းက ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်များကို ကျောင်းသား/ သူများအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနလေးခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသားကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုလျှက်ရှိကြောင်းနှင့် ယနေ့ နံနက်ပိုင်းတွင် ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်ကို ကျောင်းသား ၅၈၅ ဦး၊ ကျောင်းသူ ၈၃၁ ဦး၊ စုစုပေါင်း ၁၄၁၆ ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်းသိရှိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)