မိတ္ထီလာမြို့နယ် ညောင်ပင်သာ ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း( (RBF) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်ဇောက်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအား(RBF)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပသည်။