အမရပူရမြို့နယ်၌ ထူးချွန်တံဆိပ်များပေးအပ်ပွဲကျင်းပ

အမရပူရ ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် ၌ ယနေ့ နံနက် ၉ နာရီခွဲက အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဂုဏ်ထူး​ဆောင်ဘွဲ့တံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပသည်။

ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဥိးတင်ကိုလင်းက အမှာစကားပြောကြားပြီး နိုင်ငံတော်မှပေးအပ်သော စီမံထူးချွန်ဆု(တတိယ)၊  လူမှုထူးချွန် (တတိယ)၊နှင့် ဝန်ထမ်းကောင်း တံဆိပ်ရရှိသူများကို ဆုတံဆိပ်များပေးအပ်သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးနှင့် တာဝန်ရှိသူများက ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး တံဆိပ်ရရရှိသူ ၂၂ ဦးတို့ကို ဆုတံဆိပ်များပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)