ငါန်းဇွန်မြို့နယ်၌ ကြက်သွန်နီစိုက် တောင်သူဦးကြီးများ ဈေးကောင်းရ 

ငါန်းဇွန်  ဧပြီ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ကြက်သွန်နီဥများ တစ်ပိဿာလျှင် ဒေသပေါက်ဈေး ကျပ် ၂၀၀၀ နှုန်း ဈေးကောင်းရရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ကြက်သွန်နီများကို မိုးသီးနှံနှင့် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသည်။ မိုးသီးနှံစိုက်ပျိုးဧရိယာ (၃၉)ဧကရှိပြီး အထွက်နှုန်းလျာထားမှုမှာ ပိဿာ (၂၅၀၀)လျာထားရာ ပိဿာ (၉၇၅၀၀)ထွက်ရှိကြောင်း သိရသည်။ ဆောင်းသီးနှံစိုက်ပျိုးဧရိယာ ဧက (၁၂၈၀) ဖြစ်ပြီး အထွက်နှုန်း လျာထားချက်မှာ (၄၁၀၃) ပိဿာ လျာထားခဲ့ရာ  မြေပြင်အထွက်နှုန်းမှာ (၅၂၅၁၈၄၀) ပိဿာထွက်ရှိခဲ့ကြောင်း သိရသည်။ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်အတွင်း မိုး/ဆောင်း ကြက်သွန်နီ စိုက်ပျိုးဧရိယာ (၂၃၁၉) ဧကရှိပြီး လျာထားအထွက်နှုန်းမှာ (၄၀၅၅.၆၀)ပိဿာလျာထားခဲ့ရာ ပိဿာ (၅၃၄၉၃၄၀) ထွက်ရှိခဲ့သဖြင့် လျာထားချက်ထက် ကျော်လွန်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကြက်သွန်နီများကို မိုးသီးနှံနှင့်ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြရာ ယခုအခါ ဆောင်းသီးနှံ ကြက်သွန်နီများကို တူးဖော်ပြီးဖြစ်၍ ကြက်သွန်နီတစ်ပိဿာလျှင် ဒေသပေါက်ဈေး ကျပ် ၂၀၀၀ နှုန်းရှိပြီး မြိတ်စား ကြက်သွန်နီဥများမှာ ကျပ် ၁၅၀၀ နှုန်း ရောင်းချရကြောင်းကြက်သွန်နီစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

ကြက်သွန်နီစိုက်ပျိုးရာတွင် စိုက်ထုတ်ရသော ကုန်ကျစရိတ်ကြီးပြီး လူအင်အား၊ ငွေအင်အား စိုက်ထုတ်ရကြောင်း၊ ဓာတ်မြေဩဇာမြေဆီအဖြူ()ပိုင်းလျှင် တစ်သိန်းကျပ်ရှိပြီး၊ အာမိုမြေဆီတစ်ပိုင်းလျှင် ကျပ် () သိန်းရှိကြောင်း၊ ကြက်သွန်နီတစ်သီးလျှင် မြေဆီ () ကြိမ် ကျွေးရကြောင်း၊ တစ်ကြိမ်လျှင် အဖြူတစ်ပိုင်းနှင့် အာမို()ပိုင်း ကျွေးရကြောင်း၊ နောက်ဆုံးအောင်ရေတွင် မြေဆီအနည်းငယ်သာ ကျွေးရကြောင်း၊ အလုပ်သမားခမှာ တစ်ဦးလျှင်တစ်နေ့ ကျပ် ၁၀၀၀၀ နှုန်းဖြင့် ငှားရမ်းကြရကြောင်း၊ ရေတင်ရန် ရေစုပ်စက်ငှားပါက တစ်နာရီ ကျပ်  (၃၀၀၀) နှုန်းဖြင့် (ကိုယ့်ဆီကိုယ်ထည့်) ငှားရမ်းကြရကြောင်း၊ ကြက်သွန်နီများကို အမိတ်ဖြတ်ညှပ်ငှားရာတွင် ကြက်သွန်နီခွဲတောင်း တစ်တောင်းလျှင် ကျပ် ၁၀၀၀ နှုန်း လုပ်ခပေးရကြောင်း င်းထံမှ  သိရသည်။

သို့ဖြစ်ရာ ကြက်သွန်နီစိုက် တောင်သူကြီးများအနေဖြင့် လူအား၊ ငွေအား အရင်းအနှီးများသော ကြက်သွန်နီများကို စိုက်ပျိုးရာတွင် ယခင်နှစ်က ကြက်သွန်နီတစ်ပိဿာ ကျပ် (၁၀၀၀) သာ ရရှိခဲ့ကြပြီး ယခုနှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ကြက်သွန်နီတစ်ပိဿာ ဒေသပေါက်ဈေး ကျပ် (၂၀၀၀) ရရှိကြသဖြင့် မိသားစုဝင်ငွေတိုးပွားကြောင်းကြက်သွန်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)