တံတားဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ် 

တံတားဦး  ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်ကို ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ တံတားဦး - မြို့သာသွားကာလမ်း မြို့နယ်ခန်းမရှေ့တွင် ဆောက်လုပ်လျက်ရှိရာ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်းသိရသည်။ 

တံတားဦးမြို့ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် ၁၃၈၇-ခုနှစ် နှစ်ဟောင်းမှ ၁၃၈၈ ခုနှစ် နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရေပိုက်လိုင်းများတပ်ဆင်ထားရှိမှု၊ ဗဟိုမဏ္ဍပ်အလှပြင်ဆင်ထားရှိမှု၊ လျှပ်စစ်မီးများပြင်ဆင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ဆပ်ကော်မတီများအား တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။  ဗဟိုဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ညနေ(၄)နာရီတွင် မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကိုကျင်းပမည်ဖြစ်ပြီး သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့၊ သင်္ကြန်အတတ်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ(၁၁)နာရီအထိ ညနေ(၄)နာရီမှ(၆)နာရီအထိ နေ့စဉ်အလှည့်ကျ သင်္ကြန်အလှမယ်များက ကပြဖျော်ပေးမညဖြစ်ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)