အမရပူရ ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စုရှိ အဆင့်မြင့်လယ်ယာ ဧက ၁၅၀ ကွင်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၈ နာရီက နွေစပါးစိုက် တောင်သူများအား အဆင်ပြေချောမွေ့စေရန် ပြည်ထောင်စုရန်ပုံငွေဖြင့် ဧက ၂၃၀၀ အတွက် ကွန်ပေါင်းဓာတ်မြေသြဇာ အိတ် ၂၃၀၀ နှင့် ယူတီယားဓာတ်မြေသြဇာ အိတ် ၂၃၀၀ သွင်းအားစု များထောက်ပံ့ ပေးအပ်သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး(ပြည်ထောင်စု) အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ရည်ရွယ်ချက်များ၊ SOP လုပ်ထုံးလုပ်နည်းအတိုင်းအကျိုးရှိရှိ အသုံးချသွားရန် ပြောကြားခဲ့ပြီး ဓာတ်မြေဩဇာများကို တောင်သူများလက်ဝယ်သို့ပေးအပ်သည်။
အခမ်းအနားသို့ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နီလာသန်းနှင့် မန္တလေးခရိုင်ဦးစီးမှူး ဦးရဲမင်းသောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် စိုက်ညှိအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးလှိုင်နှင့်ဝန်ထမ်းများ၊ဖိတ်ကြားထားသော ကုမ္ပဏီဝန်ထမ်းများနှင့် တောင်သူ (၉၅) ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုးသီဟ(အမရ)