ပျော်ဘွယ်မြို့နယ်၌ လူငယ်များစဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များအနေဖြင့် စဉ်းစားတွေးခေါ်မှုမြင့်မား လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ဧပြီလ ၉ ရက်၊ နံနက် ၁၀ နာရီခွဲက မြင်းဘက်ရပ်ကွက်ရှိ ဝေဇယန္တာ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်သည်။