မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့နယ်၌  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်  ပိတ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်  ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ  ၆ နာရီက  နန်း​တော်ကုန်းရပ်ကွက် ဆည်မြောင်းရှင်းလင်းဆောင်အနီး မိတ္ထိလာမြောက်ကန်ပေါင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။

မတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၅နာရီက ကျင်းပသည်။

ပြင်ဦးလွင်မြို့တွင်  ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြင်ဦးလွင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ မှ ဦးဆောင်ကျင်းပသော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်) ပိတ်ပွဲအခမ်းအနားကို ယနေ့  ညနေ ၅ နာရီက ရပ်ကွက်ကြီး ၆ ၊ အမျိုးသားကန်တော်ကြီးဥယျာဉ်အနီး၌ ကျင်းပသည်။

ညောင်ဦးမြို့ သင်္ကြန်အတက်နေ့တွင် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ဧပြီလ ၁၆ ရက်နေ့တွင် ပုဂံမြို့ဟောင်း သရပါတံခါးမှ ဗူးဘုရားလမ်းထိပ်အထိ လမ်းလျှောက်သင်္ကြန် ကျင်းပလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့တွင် ရေကစားသူများဖြင့်စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့ ဖြစ်သည့် ဧပြီ ၁၆ ရက်နေ့တွင် နံနက် ၈ နာရီခွဲမှစတင်၍ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင်လည်း အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်အတက်နေ့‌တွင် ရေကစားသူများဖြင့် စည်ကားများပြား

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၆ ခုနှစ်၊ ယနေ့ ဧပြီ ၁၆ ရက်နေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ လမ်းလျှောက်သင်္ကြန်ပွဲ‌တော်တွင် ရေကစားသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကာ စည်ကားများပြားလျက်ရှိသည်။

ပြင်ဦးလွင်မြို့၌ မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကျနေ့)တွင် ပြည်သူများ ပါ၀င်ဆင်နွှဲလျက်ရှိပြီး ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ကန်တော်ကြီးပတ်လမ်းပေါ်တွင် ပြင်ဦးလွင်မြို့ ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့ သင်္ကြန်အကျနေ့တွင် ပြင်ဦးလွင်မြို့ရှိ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်သူပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မဟာသင်္ကြန်နှစ်ကူးကာလ သင်္ကြန်အကြတ်နေ့တွင် မဟာမြတ်မုနိဘုရားကြီးသို့ ဘုရားဖူးလာသူများ စည်ကားများပြား

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်နှစ်ကူးကာလ သင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားကြီးသို့ အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်သူများ ဘုရားဖူးလာသူများ စည်ကားလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့၌ မဟာသင်္ကြန်အကြတ်နေ့ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြပြီး လမ်းလျှောက်သင်္ကြန်တွင်လည်း တပ်နယ်ယိမ်းအကအဖွဲ့များ တီးဝိုင်းအဖွဲ့ ဖျော်ဖြေမှုများဖြင့် တိုးမပေါက်အောင် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့ဖြစ်သည့် ယနေ့တွင် နံနက် ၉ နာရီမှစတင်၍ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြပြီး၊ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ထော်လာဂျီယာဉ်များဖြင့် ရေပက်ခံထွက်ကြသူများ စည်ကားလျက်ရှိသည့် နည်းတူ၊ လမ်းလျှောက်သင်္ကြန်ကျင်းပနေသည့် လွတ်လပ်ရေးရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင်လည်း သံစုံတီးဝိုင်းအဖွဲ့များမှ သဘင်အနုပညာရှင်များက မြူးကြွသည့် သင်္ကြန်သီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိကြပြီး၊ ကျောက်ပန်းတောင်းတပ်နယ်မှ တပ်မိသားစုယိမ်းအဖွဲ့များကလည်း အကအလှများဖြင့် အားဖြည့်ဖျော်ဖြေလျက်ရှိရာ ရေပက်ကစားသူများ၊ ရေပက်ခံလာသူများဖြင့် တိုးမပေါက်အောင် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီ ၁၅ ရက်တွင် နံနက် ၈ နာရီခွဲမှစတင်၍ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင်လည်း အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး