ရမည်းသင်းမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့တွင် ရေကစားသူများဖြင့်စည်ကား

ရမည်းသင်း ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့ ဖြစ်သည့် ဧပြီ ၁၆ ရက်နေ့တွင် နံနက် ၈ နာရီခွဲမှစတင်၍ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင်လည်း အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

ရမည်းသင်းမြို့နယ်၌ မဟာသင်္ကြန်အ​တက်နေ့တွင်လည်း ရေပက်ကစားကြသူများ၊ ရေပက်ခံသူများဖြင့် မြို့ပေါ်လမ်းမများတွင် စည်ကားလျက်ရှိပြီး ရန်ကုန်-မန္တလေး ကားလမ်းမဘေး နာရီစင်အနီးလမ်းမမှ မြို့မ (အ.ထ.က) ကျောင်းရှေ့မဏ္ဍပ်အထိ ပြုလုပ်ထားသည့် မြန်မာ့ရိုးရာလမ်းလျောက်သင်္ကြန်တွင်လည်း ရေပက်ကစားသူများ၊ ရေပက်ခံလာကြသူများ၊ စတုဒိသာကျွေးမွေးကြသူများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တစ်မြို့လုံးတွင် မြူးကြွသည့် သင်္ကြန်သီချင်းသံများ ဖုံးလွှမ်းလျက် ရေပက်ကစားလျက်ရှိကာ ဘုရားကျောင်းကန်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တရားဘာဝနာပွားများကြသူများ၊ ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ကုသိုလ်အလှူ ဒါနပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)