မန္တလေးတိုင်းဒေသကြီး

ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၇ ဦး လွတ်ငြိမ်းခွင့်ပြု

မြန်မာနှစ်သစ်ကူးမင်္ဂလာ အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း‌အေးချမ်းစေရေးနှင့် လူသားချင်းစာနာ‌ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် အချုပ်ထောင်/ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းသက်သာခွင့်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ် (၁) နှင့် အမှတ် (၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှုတိက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၁၀၇ ဦးအား ရာဇဝတ်ကျင်ထုံ ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ  နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်အတွင်းရှိ ရုံးဌာနများ၊ ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီး ကျောင်း၊ ဓမ္မာရုံများ၌  ယနေ့ ညနေ ၄ နာရီကစတင်၍  မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာခြင်း၊  ရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်သည်။

ငါန်းဇွန်မြို့၌ ဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၂) ရပ်ကွက် ရှင်ပင်ချမ်းသာကြီး မြတ်စွာဘုရားဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုံ၌ ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျောထောက်နောက်ခံမရှိသော ဘိုးဘွားများအား ထောက်ပံ့လှူဒါန်းကန်တော့ပွဲ ကျင်းပခဲ့သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများ စည်ကား

​မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အထင်ကရဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ နယ်ဝေးနယ်နီးမှ ဘုရားဖူးလာရောက်ဖူးမြော်ကြည်ညိုကြသူများ၊ ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်သူများ စည်ကားများပြားလျက်ရှိသည်။

ကျောက်ဆည်မြို့၌ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား ၂၇၁ ဦးအား ပူးဇော်ကန်တော့ပွဲ ပြုလုပ်

မြန်မာတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဘုရား၊ ပုထိုးများအား ရေသက်ပ္ပယ်ခြင်း၊ ငါးလွှတ်ခြင်း၊ စတုဒီသာကျွေးကုသိုလ်ပြုခြင်းနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကို သင်္ကြန်ကာလနှင့် နှစ်ဦးရက်များတွင် နေရာရာဒေသအသီးသီးတွင် ပြုလုပ်လျက်ရှိရာ နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့၌ ကျောက်ဆည်မြို့၌ အသက် (၈၅) နှစ်အထက် အသက်ကြီးဘိုးဘွား ၂၇၁ ဦးအား ပွဲဇော်ပွဲကို ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့ ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့်စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင်တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့၌ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့အကျဉ်းထောင်မှ အကျဉ်းသားနှင့် အကျဉ်းသူ ၁၃၄ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ရမည်းသင်းမြို့၊ အကျဉ်းဦးစီးဌာန၊ ရမည်းသင်းအကျဉ်းထောင်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၁၇-၄-၂၀၂၆ ရက်နေ့အမိန့်အမှတ်၊ ၄၀/၂၀၂၆ အရ အောင်မင်္ဂလာရပ်ကွက်ရှိ ရမည်းသင်းအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့် အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

မိတ္ထီလာအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၃၄ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အကျဉ်းသား၊ အကျဉ်းသူ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာအကျဉ်းထောင်ရှိ ဧည့်ရိပ်သာတွင်ကျင်းပခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇေယျာအောင်သံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက်နေ့ ညနေ ၆ နာရီက ကံဦးရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း ဒေါ်သိုက်ကြီးကွေ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး