မဟာသင်္ကြန်နှစ်ကူးကာလ သင်္ကြန်အကြတ်နေ့တွင် မဟာမြတ်မုနိဘုရားကြီးသို့ ဘုရားဖူးလာသူများ စည်ကားများပြား

ချမ်းမြသာစည် ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်နှစ်ကူးကာလ သင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားကြီးသို့ အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်သူများ ဘုရားဖူးလာသူများ စည်ကားလျက်ရှိသည်။

ဘုရားဂေါပကအဖွဲ့မှ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ရင်ပြင်တော်တစ်လျှောက်တွင် ကုသိုလ်ယူသူများနှင့် သက်ကြီးအဘိုး/အဘွားများ၊ ဒေသခံပြည်သူများ သင်္ကြန်ကာလအခါသမယတွင် ပရိတ်တရားတော်များနာကြားခြင်း၊ ပုတီးစိပ်ခြင်းနှင့် တရားဘာဝနာပွားများခြင်း၊ မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများထွန်းညှိ ကပ်လှူပူဇော်ခြင်းစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် (ပြန်/ဆက်))